Wednesday 30 April 2014 Android Phone, Tablet ထဲသို့ application,game များ install လုပ်နည်း



အခုပြောပြမယ့် နည်းက ကိုယ်သွင်းချင်တဲ့ application ဖိုင်ကို SD card ထဲကိုသွားထည့်ရတာမျိုးလုပ်ဖို့မလိုပါဘူး။
ကွန်ပျူတာထဲကနေ တိုက်ရိုက် install လုပ်တဲ့နည်းပါ။ လိုအပ်တဲ့ ဆော့(ဖ်)၀ဲအနေနဲ့ ကွန်ပျူတာထဲမှာထည့်သွင်းဖို့
91 PC Suite လို့ခေါ်တဲ့ ဆော့(ဖ်)၀ဲ ပဲလိုအပ်ပါတယ်။ 91 PC Suite ကိုအောက်မှာ download ရယူနိုင်ပါတယ်။
91 PC Suite အားရယူရန်
91 PC Suite ကို download လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာထဲမှာ install လုပ်လိုက်ပါ။ install လုပ်ပြီးရင်
91 PC Suite ကို run လိုက်ပါ (ပုံမှန်အားဖြင့် install လုပ်ပြီးတာနဲ့ run စရာမလိုပဲ auto တက်လာပါတယ်)။
91 PC Suite တက်လာပြီဆိုရင် တရုတ်စာတွေနဲ့ဖြစ်နေတာကိုတွေ့၇မှာပါ။ အဲဒီအတွက် English လိုပေါ်ဖို့
language အရင်ပြောင်းရပါမယ်။ အောက်ကပုံထဲကအတိုင်းပြောင်းလိုက်ပါ။

အပေါ်ကပုံအတိုင်း English လိုပေါ်ပြီဆိုရင်တော့ မိမိရဲ့ Android OS ဖုန်းရဲ့ USB Debugging ကို Enabled လုပ်ထားပါ။ USB Debugging ကို Enabled လုပ်တဲ့နည်းက Setting=>Applications=>Development ထဲကိုဝင်ပြီး USB debugging ကို အမှန်ခြစ်ပေးထားပါ။ အဲဒါဆိုရပါပြီ။ ပြီးရင်ကွန်ပျူတာနဲ့ (USB ကြိုးဖြင့်) ချိတ်ဆက်လိုက်ပါ။
အဲဒီမှာ USB နဲ့ချိတ်ပြီးပြီဆိုတာနဲ့ 91 PC Suite က မိမိရဲ့ ဖုန်းကို Driver Install လုပ်ဖို့ပြောပါလိမ့်မယ်။အဲဒါဆိုရင် install
လုပ်လိုက်ပါ။ အောက်ကပုံအတိုင်းပါ။
Driver install လုပ်တာအောင်မြင်ကြောင်း Message ပေးလာတဲ့ အခါ Next လုပ်ပေးလိုက်ပါ။ အောက်ကပုံအတိုင်းပါ။
ပြီးရင် ကွန်ပျူတာကို restart ချလိုက်ပါ။ ပြန်တက်လာပြီဆိုရင် ကွန်ပျူတာကနေ ဖုန်းထဲကို application သွင်းကြည့်ကြရအောင်။
ကွန်ပျူတာထဲမှာရှိတဲ့ မိမိသွင်းချင်တဲ့ Android application ကို double click နှိပ်လိုက်ပါ။ အောက်ပုံအတိုင်း တရုတ်စာတွေနဲ့
install လုပ်မှာလားဆိုပြီး မေးပါလိမ့်မယ်။ ပုံထဲကပြထားတဲ့ ခလုတ်ကိုသာနှိပ်ပြီး install လုပ်လိုက်ပါ။
install လုပ်ပြီးသွားပြီဆိုရင်တော့ မိမိရဲ့ ဖုန်းထဲကို ပြန်ကြည့်လိုက်ပါ။ အခုသွင်းလိုက်တဲ့ application လေး ဖုန်းထဲမှာ install လုပ်ပြီးဖြစ်နေတာကို
တွေ့ရပါလိမ့်မယ်။
အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်။
Digg it StumbleUpon del.icio.us

0 comments:

Post a Comment