Wednesday 30 April 2014 Photoshop ဖြင့်အင်္ကျီအရောင် ပြောင်းခြင်း


ဒီနည်းလေးက အင်္ကျီတွေမှ မဟုတ်ပါဘူး..။ ဘယ်ဟာကိုပဲဖြစ်ဖြစ် အရောင်ပြောင်းလို့ ရပါတယ်..။ မနေ့က တင်လိုက်တဲ့ ပိုစ့်လိုပဲ အရင်တုန်းက ဝဘ်ဆိုဒ်တခုမှာ တွေ့ခဲ့ဖူးတဲ့ နည်းလေးပါ..။ အခုတော့ အဲဒီဆိုဒ်မှာ ပြန်ရှာမတွေ့တော့လို့ ကျနော့်ဆိုဒ်မှာ ကျနော်နားလည်သလို ပြန်လည်ရှင်းပြပြီး တင်ပေးလိုက်ပါတယ်..။ အခြေခံပိုင်းလည်းဖြစ်၊ မသိသေးတဲ့သူများအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ နည်းလေးတွေမို့လို့ပါ..။ အခုဒီနည်းလေးက နည်းနည်းလွယ်ပါတယ်..။ အင်္ကျီတွေကို အရောင်မျိုးစုံ ပြောင်းလို့ရတဲ့အတွက် အားလုံးပဲ သဘောကျကျမယ်လို့ ထင်ပါတယ်..။ လုပ်နည်းလေးကိုအောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်..။ တဆင့်ချင်း သင်သွားရင် အမြန်တတ်သွားမှာပါ..။
အရင်ဆုံး မိမိတို့ပြုလုပ်ချင်တဲ့ ပုံတစ်ပုံကို File , Open ကနေသွားယူလိုက်ပါ..။ နံပါတ်စဉ်တိုင်း ကြည့်သွားလိုက်ပါ..။


ပုံကိုယူပြီးရင်တော့ Pen Tool (P) ဖြင့်ဖြတ်ပါမယ်..။ Pen Tool ကိုကလစ်လိုက်ရင် Pen Tool နဲ့ သက်ဆိုင်တဲ့ မီနူးဘားတန်းလေး အပေါ်မှာ ပေါ်လာမှာ ဖြစ်ပါတယ်..။ အဲဒီဘားတန်းမှာ အောက်ပုံမှာ ပြထားသလို 2,3 နေရာတွေကို အရင်ကလစ်ပေးပါ..။ ပြီးမှဖြတ်ပါ..။


ပုံကိုဖြတ်နေရင်းနဲ့ မိမိတို့မကြိုက်တဲ့ နေရာကိုရောက်သွားခဲ့ရင် ကီးဘုတ်မှ Ctrl+Alt+Z နဲ့(တွဲနှိပ်ပါ) နောက်ပြန်ဆုတ်လို့ ရပါတယ်..။ ဖြတ်တဲ့နေရာ မကြိုက်ရင် ၄င်းကီးနဲ့ နောက်ပြန်ဆုတ်ပြီး နေရာမှန်ကို ပြန်ဖြတ်လို့ရပါတယ်..။




အပေါ်ပုံအဆင့်ထိ ရောက်ပြီဆိုရင်တော့ အောက်ကပုံက အရောင်တွေရှိတဲ့နေရာကို အဆင့်ဆင့်ဖွင့်ပြ ထားပါတယ်..။ 1,2,3 နေရာတွေကို ကလစ်ပြီး ဝင်သွားလိုက်ပါ..။ နံပါတ်စဉ်တိုင်း ကြည့်သွားလိုက်ပါဗျာ..


အောက်ကပုံမှာ အရောင်ခြယ်တဲ့ ဘောက်စ်ပေါ်လာပါပြီ..။



တကယ်လို့ မိမိတို့ ပုံကို အဖြူအမဲ လိုချင်ရင်တော့ အောက်ကပုံအတိုင်း နှိပ်သွားလိုက်ပါ..။


ဒီအောက်ပုံရဲ့ အင်္ကျီကတော့ အဖြူအမဲနဲ့ ထွက်လာပါပြီ..


အားလုံးပဲအဆင်ပြေကြပါစေဗျာ..
Digg it StumbleUpon del.icio.us

0 comments:

Post a Comment